Local News

စိမ်းစားဥစျေးနှုန်းနှင့် စျေးကွက်အခြေအနေ

Last Updated:

စိမ်းစားပင်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပြီး ‌တောင်ပိုင်းဒေသ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးနိုင်သည်။ စိမ်းစားဥသည် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် အထွက်များပြီး ဆောင်ရာသီများတွင် အများဆုံးစိုက်ပျိုးကြသည်။ သဲနုန်းမြေတွင် ကောင်းစွာပေါက်ရောက်ပြီး ကိုင်းမြေတွင်စိုက်ပျိုးပါက မြေကြီးကို ထွန်ယက်ပြီး စိုက်ပျိုးရမည်ဖြစ်သည်။ ဥများကောင်းစွာကြီးထွားရန်အတွက် ၅ လ မှ ၈ လ အထိ အချိန်ကြာမြှင့်ပြီး အချို့မှာ ဇူလိုင်လ၊ သြဂုတ်လများတွင် စိုက်ပျိုးကြသည်။ ၎င်းအချိန်တွင် စိုက်ပျိုးပြီး နိုဝင်ဘာလမှစ၍ စိမ်းစားဥကို တူးဖော်ရောင်းချကြကြောင်း သိရှိရသည်။
စိမ်းစားဥသည် အေးသောအချိန်တွင် ပို၍ ချိုပြီး စိမ်းစားဥဆိုသည့်အတိုင်း အစိမ်းစားလို့ရသလို အချို့မှာ ကြော်စားချက်စားကြသည်။ မြိတ်ခရိုင်တွင် ကျေးရွာများတွင် စီးပွားဖြစ် အများဆုံးစိုက်ပျိုးကြပြီး မြို့များတွင် အိမ်တွင်းစားသုံးရန်အတွက်သာ စိုက်ပျိုးကြသည်။ ဒေသထွက်စိမ်းစားဥများကို သစ်သီးအရောင်းဆိုင်များနှင့် စျေးများတွင် အများဆုံးရောင်းချကြသည်။ ရောင်းချရာတွင် အလုံးလိုက် မရောင်းချကြဘဲ ဥအတွဲလိုက် ၃ လုံး၊ ၄ လုံး၊ ၅ လုံးမှ ၇ လုံးအထိ ရောင်းချကြသည်။ စိမ်းစားဥ ၃လုံးတစ်တွဲလျှင် ၂၀၀၀ ကျပ်ခန့်ရှိပြီး ၇ လုံးတွဲကို ၅၀၀၀ ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုဒီဇင်ဘာလသည် အေးသောရာသီဖြစ်သောကြောင့် စိမ်းစားဥ ဝယ်ယူမှု များပြားလျက်ရှိပြီး စိမ်းစားဥ စိုက်ပျိုးသူများအနေဖြင့် ဝင်‌ငွေကောင်းရရှိလျက်ရှိပါကြောင်း သိရှိရသည်။
https://www.doca.gov.mm

Category: Local News